Saturday, June 14, 2008

ကျနော့်ရဲ့ ရင်သွေးမျှော်...မျက်ရည် အပိုင်း (၂) ကို အားပေးခံစားကြသောသူငယ်ချင်းတို့ အားအထူးကျေးဇူးတင်ကြောင်း နှင့် အပိုင်း(၃)တွင်ဇာတ်သိမ်းမည်ဖြစ်ကြောင်း။ အခုလို မရေးတတ်ရေးတတ်၊ကာရံမကျ၊စာမကျ..ကျနော့်စာများကိုသီးခံအားပေးခံစားကြသောသူငယ်
ချင်းများဆီ မှ Comment များကို ပက်ပက်စက်စက် ကြိုဆိုလက်ခံနေပါသည်။


ရင်သွေးမျှော်...မျက်ရည် အပိုင်း (၂)

သွားလေးကထွက်
တောက်တီးတောက်တက်
လမ်းလျှောက်တတ်လာ
ထမင်းဝါးကျွေး
အာဟာရပေးခဲ့
ထိုထိုမေတ္တာ
ကျေးဇူးကန်းကျ
ပြောရက်လိုက်တာ
ကျွေးခဲ့သမျှ
အံဖက်တဲ့ဗျ။

အရွယ်ရောက်လာ
ဟိုဒီပူစာ
မရဟူငြား
မာသောကြမ်းပြင်
နဖူး နဲ့ တိုက်
ဆိုးခဲ့သမျှ
အခုသိပြီ
မာမားရင်မှာ
လောင်တဲ့မီး။

သားသုံးယောက်ကို
လက်ကစွဲ
ကျောင်းပို့ ကျောင်းကြို
မကျန်းမာလည်း
သားဇောလေးကို
အဖော်ပြု
စောင့်ရှောက်ခဲ့သည်
အဝေးရောက်နေ
ဖခင်အစား
စွမ်းနိုင်ခဲ့ပြီ
အို....မိခင်။

ဒါတွေနားမလည်
စိုးခဲ့သမျှ
တစ်ခွန်းမကျန်
ကပ်ကပ်လန်အောင်
ပြန်ပြောခဲ့သည်
ရ တာ နာ ဟု
သမုတ်ပြုစေ
ရတနာဖြစ်အောင်
ကြိုးစားမည်။

ပညာတတ်လို့ 
စောင့်ရှောက်မည်ကြံ
ကြင်ရာဖက်ရာ
တကောက်ကောက်ပါ
အဝေးရောက်
စောင့်ရှောက်မည်ဟု
ဟစ်ကာကြွေးလည်း
ဆန်ရေ ဆိုတာ
လွင်မိုးနဲ့ မှ
ရုပ်ရှင်ကြည့်ရ။

(ဆက်ရန်ရှိပါသေးသည်)
bbk(15june08)

4 comments:

Taungoo said...

ကဗျာအပိုင်း ၁ ရော ၂ ပါ ဖတ်သွားပါတယ် ညီရေ

ကဗျာရေစီးကြောင်းထဲ ကောင်းကောင်း စီးမျောနေတုန်းမှာ သစ်ငုတ်တိုလေးတွေနဲ့ လာလာတိုက်မိလို့ အရှိန်ပျက်ရတယ်ညီ။

သစ်ငုတ်တိုလေးများ=တောက်တီးတောက်တက်၊ အံဖက်၊ ကပ်ကပ်လန်၊ ပုခပ်၊ နဘေး၊ နှောက်ရှက်၊ အမျိုးပြုပ်

မေတ္တာဖြင့်

အိတာ said...

လာခံစားသွားပါတယ် ..အပိုင်း၁ ကော ၂ ကော ....အားပေးတယ် ဆက်ရေးပါ။။

Unknown said...

ချဗျာ... ဘယ်သူမှ မွေးကတည်းက မတတ်ဘူး။
ကျုပ်တို့ ကဗျာမြစ်ထဲ အတူတူ စီးကြတာပေါ့ဗျာ။

Unknown said...

ဒီကဗျာလေးသဘောကျတယ် အဝေးရောက်မှစောင့်ရှောက်မည်ဟုဟစ်ကာကြွေးလည်း အဲ့ဒီစာသားလေးကြိုက်တယ် အဆင်ပြေပါစေ :)