Monday, June 16, 2008

ရင်သွေးမျှော်...မျက်ရည်

ဘဝရဲ့ပထမ
ညနေစောင်းမှာ
ကျနော်အတွက်
သေမင်းနဲ့ ညိုနှိုင်း
ကမ္ဘာထဲ တွဲခေါ်
၃နာရီကျော်မှာ
သားအတွက်
အသက်လုခဲ့ပြီ။


ငယ်စဉ်ချိန်က
ရင်ထဲပွေ့ ဖက်
နေ့စဉ် မပျက်
လုံ့လ..ဂရု
မှတ်တိုင်..ပြု
ထိုထို..မေတ္တာ
ရှာလည်း..မတွေ့
အဘိ..မသိ
သားတော့သိ၏။

သားလေးအိပ်နေ
ပုခပ်..နဘေး
အိပ်ရေးနှောက်ရှက်
ခြင်ယင်မှက်တို့
အမျိုးပြုပ်ဖို့
သားဇော..တွေးရင်း
ရှင်ပင်ဟောထား
၅ပါး သီလ
မေ့လို့ထား
မာမားမေတ္တာများ။


သားလေး ငိုကြွေး
ညညမအိပ်
ပုခပ်က ထုတ်
ဟိုမေး ဒီမေး
စိတ်ပူတွေးလဲ
သားကို..အိပ်စေ
မာမား..ရင်ဝယ်
အေးမြမူပေး
အခုမေးမည်
အဘယ်မေတ္တာမျိုးပါနည်း။

(ဆက်ရန်ရှိသည်)

No comments: