Friday, August 22, 2008

ဖေဖေနဲ့ကျနော်

ဖေဖေနဲ့ကျနော်

လက်။လက်ကလေးကိုဆုပ်ကိုင်ပေးထားတဲ့လက်
မြက်ခင်းနုနုလေးတွေပေါ်က ကျနော်နဲ့သူ
ခြောက်သွေ့ ရင့်ရော်နေတဲ့ ပင်အိုကြီးအောက်က ကျနော်နဲ့သူ
လမ်းမရှည်တွေပေါ်က ခြေရာကြီးနဲ့ ခြေရာလေး

လက်။လက်ကလေးကိုဆုပ်ကိုင်ပေးထားတဲ့လက်
တစ်ခုနဲ့တစ်ခု ညင်ညင်သာသာလေး ဆုပ်ကိုင်ထားတဲ့လက်
အခုတော့.....
အတူမရှိတော့တဲ့ ကျနော်နဲ့သူ
အရင်ကဆို
ကိုယ့်ခြေရာ၊ကိုယ့်လက်ဟန်နဲ့
လွှတ်ထားပြီး
တစ်ယောက်တည်းလျှောက်စေခဲ့တယ်။

လက်။လက်ကလေးကိုဆုပ်ကိုင်ပေးထားတဲ့လက်
ခြေရာတွေထဲကခြေရာလေးတစ်ခု
အဝေးတစ်နိုင်ငံက ခြေရာငယ်
အရင်လို လမ်းမရှည်တွေပေါ် မလျှောက်နိုင်တော့
အခုတော့ တစ်ယောက်တည်းလျှောက်နေပြီ
တမ်းတနေတယ်
အရင်က ဆုပ်ကိုင်ပေးထားတဲ့
ဘ၀ပဲ့ကိုင်ရှင် ရဲ့ လက်

(bbk 22aug)

2 comments:

Unknown said...

ဟုတ်ကဲ့
ကျွန်တော်လည်း အဲ့ဒီလက်ကလေးကိုခုချိန်တွေထိ ဆုပ်ကိုင်ထားတယ်
နောက်ဆုံးထွက်သက်ထိဆိုရင်ပိုမှန်မယ် ထင်တယ် အဆင်ပြေပါစေအားလုံးပဲ

ဇင်ယော် said...

ခြေရာကြီးရဲ့ ခြေလှမ်းတွေကို ခြေရာလေးလည်း ထပ်တူထပ်မျှ နင်းနိုင်ပါစေဗျာ။ ရှားရှားပါးပါး အဖေ့ကဗျာလေးကို ခံစားသွားပါတယ်။