Tuesday, August 19, 2008

အနန္တ မေမေ

အနန္တ မေမေ

အမြင့်ပျံတောင်ပံများဖြန့်ကာ
ဝေဟင်ကကြည့်ချင်ဇောနဲ့ 
ကောင်းကင်မှာဝဲပျံမယ်ဆိုပြီး
အမေရင်ထဲကထွက်ခဲ့ပြီးမှ
ကျရှုံးမှုတွေ၊လှောင်ရယ်သံတွေကြားမှာ
ရှာတွေလိုက်ရတာက...
အမေရဲ့အမြဲခွင့်လွှတ်ကြိုဆိုနေတဲ့အပြုံး။

အဆင်ပြေချမ်းမြေ့မှုတွေကြားမှာ
အခက်ခဲတွေနေရာယူခဲ့
ပူပြင်းတဲ့နေရောင်အောက်မှာ
လိုချင်တဲ့စကားလုံးရဖို့ 
ကိုယ့်ကိုအကွက်ဖြည့်ချင်နေတဲ့
Puzzle ကစားသမားများမှလွဲ၍
အနားမှာနေမယ့်သူမရှိ
အဆင်မပြေမှုပုံအောလည်း
ကျွန်တော့်ကိုအဝေးက
အားပေးနေတဲ့အမေ။

ဘ၀ရဲ့တိမ်ညိုတွေကို
ဖယ်ရှားပေးတဲ့
အမေ့ရဲ့အတွေးအခေါ်။

နှလုံးသားဆီနွေးထွေးမှုတွေ
ဆောင်ယူလာပြီး
ဘ၀ကိုဘောင်လှလှလေးခတ်ပေးခဲ့တဲ့
အမေရဲ့စကားသံ။

ထိုထိုတန်ဖိုးမဖြတ်နိုင်တဲ့အမေ့ရဲ့ပေးစပ်မှုတွေအတွက်
မေမေရဲ့ကျေးဇူးတွေကို
အရိမေတ္တယျဘုရားမပွင့်မှီဘ၀ဆက်တိုင်း
အမြင့်မြတ်ဆုံးပန်းတိုင် နိဗ္ဗာန်လမ်းကို
ချောမွေ့ စွာလျှောက်လမ်းနိုင်ရေး
သားရဲ့နှလုံး၊သွေး၊ခန္ဓာဖြင့်
မမောမပန်း
ခင်းကျင်းစတေးဆောက်တည်သွားမည်။
ကျေးဇူးများရှင် အင်ပါယာထဲက
အနန္တ မေမေ။

Bbk(19 aug 08)

6 comments:

Anonymous said...

အနန္တ မေမေ ကိုဖတ်ပြီး အဝေးကမေမေ့ကိုတောင် ပြန်သတိရလာမိပါတယ်။ အမြဲအားပေးနေပါတယ်။

Unknown said...

ကဗျာလေး သဘောကျတယ်။

Mirror said...

လာဖတ်သွားပါတယ်
အနန္တ မေမေတစ်ခုတည်းမဟုတ်ဘူး
ကဗျာတွေအားလုံးကြိုက်တယ်
ကျမဆီလာလည်တာလည်းကျေးဇူးပါ...

Taungoo said...

ဘိုဘိုရ
ဒီမနက်ပဲ ဆရာမဂျူးကို အင်တာဗျူးတစ်ခုမှာမေးထားတယ်။
ကဗျာမှာ အင်္ဂလိပ်စာလုံးထည့်ဖွဲ့တာ မဖွဲ့တာနဲ့ ပက်သက်လို့ အမြင်ကိုမေးထားတာ
ဘိုဘို့ကဗျာက အဆုံးသတ်လေးကောင်းပါတယ်
မော်ဒန်ပုံစံပေမယ့် အလယ်တွေမှာ ဖတ်ရတာမချောမွေ့ဘူး
အမှန်ပြောရရင် ကာရန်သိပ်လွတ်သွားတဲ့ကဗျာတွေကို မခံစားတတ်ဘူး
မော်ဒန်ပေမယ့် ထိမိပြီး ကျစ်ကျစ်လစ်လစ်ရေးထားရင် ကြိုက်ပါတယ်

မေတ္တာဖြင့်

လရိပ်ချို(nick name) said...

layaikcho
နင်အဲ့ဒီလောက်တော်မှန်းငါအခုမှသိတယ်။ မဆိုးဘူး။ ဆက်ကြိုးစားထား။

ဇင်ယော် said...

အမေမေတ္တာဖွဲ့ ကဗျာလေးတွေထဲက အတွေးအရေး ကောင်းကောင်းလေးနဲ့  ကဗျာလေးတစ်ပုဒ်ပါ။ ကြိုက်တယ်ဗျာ။ အားပေးနေမယ်။