Tuesday, June 10, 2008

နှစ်ခြမ်းကွဲကောင်းကင်

လောကကြီးကို ရှေ့ ကပြတင်းနဲ့ ဘောင်ခတ်

အတွေးတွေလှောင်ကျပ်တဲ့ လှောင်အိမ်
ရင်းနှီးဖူးတာနှစ်(၂၀)ကြာ
မျှော်လိုက်ရတဲ့ ဆုံဆည်းချိန်
ခြားနားခြင်းကင်းမဲ့တဲ့ ဆန်ပြုပ်နဲ့ 
လွေးလို့ ကောင်းလို့ ..လည်မှာတစ်
မလိုက်ဖတ်တဲ့ ပစ္စုပ္ပန် နဲ့ ပန်းတိုင်
နေနေရတော့ ငြီးငွေ့ ခြင်းနဲ့ ရှိုက်သံ
မရနိုင်သေးတဲ့ လွတ်မြောက်မှုကြားက
တောင့်တမိတာ...ပြန်ဆုံကြရင်
အရင်လိုဖြစ်ပါ့မလား။
အတူလျှောက်ဖူးတဲ့ စမ်းချောင်းဘေးက လမ်းလေး
ငါမရှိလို့ ရှင်သန်ခြင်း ကင်းမဲ့နေပြီလား။
ဒါမှမဟုတ်... အတူထိုင်ဖူးတဲ့ ခုံတန်းရှည်
ဒို့ နှစ်ယောက်ချော့မတိတ်လို့ 
၂၇၈၇၅၃၂၈၁၂၇၈၆၅၉၁၉ ရက်ကြာ
မအိပ်ရသေး။
ညညမင်းလွမ်းတိုင်း
အလွမ်းပြေ ပုံပြောပြတတ်တဲ့ ငါ့ရဲ့လမင်း
မင်းဘေးမှာ သာသေးရဲ့လား။
ကောင်းကင် ကပြောတယ်
လေပြေနဲ့  ကြယ်စဉ်ကို ညှာတာပြီး
နေမင်းနဲ့ ဖြစ်စေ
လမင်းနဲ့ ဖြစ်စေ
သူဘယ်တော့မှ နှစ်ကိုယ်မခွဲတော့ဘူးတဲ့...

translated by bbk(Der Geteilte Himmel)







No comments: