Tuesday, June 10, 2008

ကောင်းကင်မေမေ
ဒီကဗျာလေးမှာ (သူ) လို့ သုံးခွင့်ပြုပါ...မိဘများ..ိ


သူ...နေမင်းရဲ့ပူလောင်ခြင်းရော
လမင်းရဲ့ခြောက်ချားခြင်းပါ
တုန်လှုပ်ခြင်းမရှိ ကာရံပေးခဲ့
ဘာမျှော်လင့်ချက်မှမပါ

ငါတို့ ဖြစ်တည်နေထိုင်ရသည်
ကျေးဇူးကမ္ဘာပါ
ဖုံးကာပေးတဲ့ Atmosphere

ငါတို့ ချိုသာခြင်းနဲ့  ဆိုဆို
ရိုင်းရိုင်းပဲပြော တိတ်ဆိတ်မှုနဲ့ တုန့် ပြန်
ထာဝရမပြောင်းတဲ့ စိတ်နဲ့  ကြည်လင်နေတဲ့
ငါတို့ ရဲ့ ဦးထိပ်က..."သူ"

သူ... စွမ်းရည်နဲ့ ဖြစ်တည်နေရတဲ့
ငါတို့ ကမ္ဘာလေး
ရေစာချိန်မှာ ရွာကျခြင်း တစ်ခွက်တိုက်
အိုက်စက်မှုမှာ ဆောင်းတစ်ရှိုက်
မလှုပ်ခတ်တဲ့ မားမားရပ်နေ
တုနှိုင်းမဲ့တဲ့..."သူ"

သူဖြစ်တည်ခဲ့တာ နှစ်၊လကြာ
မရပ်နိုင်တဲ့ အခါ နားလှည့်ပါ
ဖိတ်ခေါ်မည့်သူရှိရဲ့လား။

ငါတို့ ငယ်စဉ် ငါတို့ ညစ်ကြေး
တစ်ချက်မရွံ သီချင်းလေးညီး
သုတ်သင်သန့် ရှင်း သူ့ ချစ်ခြင်းဖြင့်
တစ်လှည့်တုန့် ပြန် နာမကျန်းဝယ်
ဆီးအိုးကိုင်ရ အိမ်သာတွဲပို့ 
ရွံလှ နံပါ့ နားခေါင်းလေးရှုံ့ 
အုံ့ တုံ့ တုံ့ ဖြင့် အနားမကပ်
သူတို့ မို့  မရှက်
ကျွေးရကျိုးနပ်သတဲ့လား။

ရေးသားစပ်ဆို မိဘဂုဏ်ကို
ရှေးစဉ်စပ်က ကျေးဇူးစပ်ခဲ့
ငါတို့ ခေတ်မှ ပိုးစိုးပက်စက်
ကျေးဇူးစပ်ကြ
အရက်ဆိုင်က ၆ နာရီပြန်
ဈေးဖိုးငါးဆယ် ပေးပါကွယ်
၂၁ ရာစုနည်းတဲ့လား။

အဝေးရောက်နေ ရင်သွေးတွေကို
ဒုက္ခအပေါင်း ထောင်သောင်းရှိလည်း
ငိုသံကိုဖျောက် ဟန်ဆောင်တတ်သည်
သားရော အဆင်ပြေရဲ့လား။

bbk(11june08)

1 comment:

Unknown said...

ရေးသားစပ်ဆို မိဘဂုဏ်ကို
ရှေးစဉ်စပ်က ကျေးဇူးစပ်ခဲ့
ငါတို့ ခေတ်မှ ပိုးစိုးပက်စက်
ကျေးဇူးစပ်ကြ
အရက်ဆိုင်က ၆ နာရီပြန်
ဈေးဖိုးငါးဆယ် ပေးပါကွယ်
၂၁ ရာစုနည်းတဲ့လား။

အရမ်းမိုက်တဲ့ စာသားလေးပါ၊ ဂုဏ်ယူပါတယ်၊ ရဲလေး ကို ဖတ်စေချင်ပါတယ်၊ မိဘကျေးဇူးဆပ်မှန်း၊ မိဘကိုအရှက်ခွဲမှန်း မသိရေးချင်တာရေးတဲ့ ရဲလေး ကို ပြောပေးလိုက်ကြပါ၊ ဆက်ကြိုစားပါ bbk ကဗျာတွေကို
www.poemscorner.com မှာတင်သင့်ပါတယ် ။