Sunday, June 8, 2008

လေပြေ

လေပြေရယ်...မင်းလာမှပဲ
ဘဝထဲက တည်ငြိမ်ခြင်းတို့ 
ချုပ်ငြိမ်းရရဲ့ ။

လေပြေ...မင်းလာခြင်းကို
ပုံစံမပြ ဘောင်ခတ်မရလည်း
မြင်လို့ ရရဲ့ ။

လေပြေ...သဘာဝကပေး
ရှိရင်းလေးဖြင့် ကြွကြွလေးလှမ်း
တတ်နိုင်စွမ်းတယ်
ငါ့ကမ္ဘာထဲဝယ်…

တခါတရံ...အပေါင်းအသင်းမှား
စိတ်ရိုင်းဝင်ဆဲ ခြေလှမ်းကြမ်းကြမ်း
ဝင်လှမ်းလှုပ်ရှား မုန်တိုင်းဆိုလား
ခေါ်တာကြာမိ အဆိုရှိလည်း
ညစ်ထေးမှုတွေ တစ်နှစ်တစ်ပိုး
ချန်ရစ်ထားခဲ့
နောက်တော့..မင်းပဲ
ဖြေသိမ့်ပေးတယ်
မုန်တိုင်းနောက်က

လေပြေရယ်........

bbk(08June08)

No comments: