Friday, June 26, 2009

မန်မာ့ခက်ဆစ် 2009 Version

Office Ferry (ရုံးဝန်ထမ်းကြို/ပို့ )


Office Ferry (ရုံးဝန်ထမ်းကြို/ပို့ )ဆိုသည်မှာ… သတ်မှတ်ထားသောရုံးဝန်ထမ်းတစ်စုအတွက်
ကုမ္ပဏီမှသွားလာရလွယ်ကူစေရန်…၀န်ထမ်းကြီးငယ်၊အရွယ်မရွေးအားလုံးအတွက်(မဟုတ်)
ကုမ္ပဏီမှရာထူးအကြီးဆုံးပုဂ္ဂိုလ်များအတွက်အိမ်နှင့်ကုမ္ပဏီကြားသွားလာရလွယ်ကူစေရန်
စီစဉ်ပေးထားသောယာဉ်။တခါတရံထိုယာဉ်သည်သာသနာ့ပရ၀ဏ်သဖွယ်ဂါထာများရွတ်ဖတ်ပူဇော်ရာ၊
ပုတီးစိတ်ပြရသောနေရာလည်းဖြစ်ကောင်းနိုင်ဧ။်…(လက်အောက်ငယ်သားများရှေ့လူရှိန်တာပေါ့)
မှတ်ချက်…ကျီးကန်းတောင်းမှောက်အကြည့်များဖြင့်ဘုရားကိုအာရုံပြုလျှက်

(ထိုပုဂ္ဂိုလ်များအလုပ်မပြီးမချင်းရုံးဆင်းချိန်သည် ၀၈၃၀သွားတတ်ကာ ဖယ်ရီနှင့်ပြန်ချင်သူများကိုပင်
အားမနာစောင့်ခိုင်းတတ်သည်၊ခန္တီပါရမီအထုံနည်းသူ ကိုယ့်အစီစဉ်နှုင့်ပြန်နိုင်သည်…ဖယ်ရီသည်
အရေးကြီးပုဂ္ဂိုလ်များအတွက်သာ…)

တက္ကသိုလ်

တက္ကသိုလ်ဆိုသည်မှာ…
ပညာရှင်များသင်ကြားသောနေရာမဟုတ်ပဲအခိုင်းခံလူတန်းစားများဆရာအဖြစ်သရုပ်ဆောင်ရာနေရာ။
ဒိသာပါမောက္ခအား တက္ကသိုလ်ပြည်၌သွားရှာ၍ပြစေချင်သည်။

Thursday, June 25, 2009

ဒီလိုပဲနေကြတော့မှာလား

ဒီလိုပဲနေကြတော့မှာလား


ဒိန်း…ဒိန်း…


အပေါက်တွေ.... ဂျိုင့် တွေ…


ဒိန်း…ဒိန်း…


ကားကလည်း ဂျိုင့်တွေတောင်မရှောင်ဘူးဆော်တာပဲ…ဒိန်း…လုပ်ပြန်ပြီ

ဒိုင်နာဆိုတော့တောက်ရမ်းကိုမောင်းတော့တာပဲ...ပြုတ်ကျမှာတောင်စိုးရသေး။

လူတွေကလည်းများလာလိုက်တာကွိုင်ပဲ…


“အနံတွေကလည်းမကောင်းဘူး…တိုးလိုက်တာကွာဘယ်လိုပြန်ပြောလိုက်ရမှန်း

တောင်မသိဘူးဘယ်လိုများဖြစ်နေကြလဲမသိဘူး… တောက်ရမ်းကို

တိုးနေတော့တာပဲ“


သူလှည့်ကြည့်လိုက်တယ်ဘယ်လိုလူလည်းပေါ့ဆိုတဲ့အကြည့်မျိုးနဲ့ …


“ပုံစံကတော့အတော်ကို စိတ်ပျက်စရာပဲ ကြည့်ချင်စရာကိုမရှိဘူး

အသားကမွဲမွဲဝတ်ထားတာကလည်းကဗိုကယိုနဲ့ ကဗိုကယိုဆိုတာထက်

သူခိုးဂျပိုးရုပ်ပေါက်တယ်....ဒါပေမဲ့ဒီလူကြည့်တာစည်ပင်ရုံးဝန်ထမ်းတယောက်ပုံပဲ

ဟွန်း...တယ်လည်းစိတ်ပျက်ပါရပါလားကွာ...ငါလည်းဘာတွေတွေးနေပါလိမ့်“


လို့ စိတ်ထဲက ရေရွတ်လိုက်မိပြီး လမ်းမပေါ်ကိုပဲကြည့်ရင်း...


ဘတ်စ်ကားတန်တိုင်အောက်ကနေ ခေါင်းငုတ်ပြီး အပြင်လေရှုရင်း

ကြည့်နေမိတယ်…


သိမ်ကြီးဈေးမီးပွိုင့်နားရောက်နေပြီပဲ…


လမ်းမပေါ်ကလူငယ်လေးသုံးယောက်…အ၀တ်ကတော့အပေါ်ပိုင်းမပါ…

အောက်ပိုင်းတော့ အတော်ဖန်တီးထားပုံရတယ်တယောက်ကတော့ဗိုက်ရွှဲရွှဲနဲ့

သံကောင်ဗိုက်နဲ့(ဖောင်းနေလိုက်တာ)တောင်းစားနေတဲ့လူငယ်လေးတစုကို

တွေ့ နေရတာစိတ်မကောင်း…


အခုတလောတောင်းစားသူတွေ၊ဆေးဖိုးလေးမပြည့်လို့ငါ့တူကြီးရယ်(၈၀၀)

လောက်လှူသွားပါအုံး၊ဦးလေးတို့မြေးအဖိုးနှစ်ယောက်ဘတ်စ်ကားခမရှိလို့…

ဆိုတာတွေတော်တော်လေးကို တွေ့ လာရတယ်။


တောင်းစားတယ်ဆိုလို့ သူ့ အတွေးထဲဝင်လာတာကဟိုနေ့ က

လက်ဖက်ရည်ဆိုင်ကသူ့ အဖြစ်…


ကိုယ်ကြီးတို့ ရယ်(အယ်…ဟုတ်ပါဘူးမှားလို့ ကိုကြီး…ဂလို့)ထမင်းဖိုးလေးသနားကျပါ

ထမင်းလည်းမစားရသေးလို့ ပါ ကိုကြီးတို့ ရယ်.. ဘာရယ်ပေါ့


မျက်နှာကတော့သနားကမားနဲ့ပဲစိတ်ထဲကတော့ပိုက်ဆံပေးလိုက်မလို့ပဲ

(သူကအဲလိုတောင်းသူတွေကိုပေးလေ့မရှိ)..၀ိုင်းထိုင်နေတဲ့သူတွေနဲ့စကားကလည်း

မပျက်၊မျက်လုံးချင်းအကြည့်ပျက်မှာစိုးတာရယ်…

စကားပျက်သွားမှာစိုးတာနဲ့… လက်ပဲခါပြလိုက်ရတယ်…


အဲတော့ မောင်မင်းကြီးသာက ဘာပြောတယ်မှတ်လဲ......


ကြည့်လိုက်ရင်အဲလိုပဲ ဒါတွေပဲ တနေ့ တနေ့ ပြောနေကြတာပဲပိုက်ဆံတောင်းလိုက်ရင်

လက်ခါပြမယ်သူတို့တော့စားနေလိုက်တာ…လူစိတ်ကိုမရှိကြဘူးဘာညာဆိုပြီး

သူတို့၃ယောက်ကိုဟောက်သွားလေရဲ့။သူ့မှာပါးစပ်အဟောင်းသားလေး

နဲ့ကျန်ခဲ့ရရှာတယ်…အော်မလွယ်ပါလား…လူတွေကသူတို့လဲတပါးသူဥစ္စာတောင်းသေး

မပေးတော့ပိုင်ရှင်အမှားပါလားနော်။သူတို့တိုင်းပြည်ကအဲလို…စာရေးသူတို့

တိုင်းပြည်နဲ့ကွာပါ့...:))


ခဏနေတော့လသာဂိတ်ပေါ့......လူတွေကလည်းမတရားကြီး…ကျပ်လာတော့

ရှေ့ကဒေါ်လေးတစ်ယောက်ကသူ့ လက်ထဲကချိုင်းပေးပေါ့သူကိုင်ပေးမယ်ပေါ့အဲတာနဲ့ 

သူလဲပေးလိုက်တာပေါ့သူများကစေတနာနဲ့ကိုင်ပေးမဲ့ဟာကိုငြင်းဖို့လည်းမသင့်ဘူးလေ

ပေးလိုက်တာပေါ့ရက်ရက်ရောရောကို…ကဲ အဲမှာ စတော့တာပဲ

သူအခု ရေးချင်တာတွေ....


ဘေးကလူတွေကြည့်လိုက်တော့လည်းချိုင့်လေးတွေကိုယ်ဆီနဲ့ အားလုံးနီးပါးဟာတနေ့

လုပ်မှ တနေ့စားရတဲ့လခစားလေးတွေကြီးတယောက်ကျော်နားကတယောက်ဆို

သူ့ထက်တောင်ငယ်အုံးမယ်ခန့်မှန်းကြည့်သလောက်ဆိုရင်စတိုးဆိုင်လုပ်သားလေး

ဖြစ်လောက်တယ်။


လခကလည်း...ရလှ...လခလေး၃သောင်း၎သောင်းရဖို့အရေး

တနေကုန်အောင်သူများဆီသွားပြီးကျွန်ခံ…ရလာတော့လည်းမိသားစုအတွက်တောင်

မကျန်ကိုယ့်ဖိုးသာအနိုင်နိုင်ဆိုတော့ဒီလူငယ်လေးရဲ့အနာဂတ်ကဘယ်မှာလဲ။


သူဝတ်ချင်တာသူ့သူငယ်ချင်းတွေဝတ်နေတာကို…သူလိုက်ဝတ်ချင်ခဲ့ရင်သူဝယ်

ဝတ်နိုင်ပါ့မလား။မ၀ယ်နိုင်ရင်သူဘာလုပ်လိမ့်မလဲ။သူစာရိတ္တကိုရောင်းစားလိမ့်မလား။

အဲတာကရောရောင်းလိုက်ရင်များများကျန်ပါ့မလား။ရောင်းလိုက်လို့ရော

ကောင်းပါ့မလား။ရောင်းရင်ဘာဖြစ်လာလိမ့်မလဲဒီလိုလူငယ်မျိုးတွေအများကြီး

သူထက်ဆိုးတဲ့လူငယ်တွေတောင်ရှိအုံးမယ်ဒါပေမဲ့လခစားဘ၀နဲ့ရုန်းကန်းနေရတဲ့

ဘ၀တွေကြားမှာညီလေးအဆင်ပြေပါ့မလား။


ညီလေးပညာရေးရောဘယ်လောက်ရောက်ခဲ့ပြီးခုရော ဘာတွေသင်ယူနေလဲ။


နောက်အရမ်းအရမ်းကိုတိုးတက်လာတော့မယ့်ခေတ်ကြီှးမှာတစ်လစာလေးနဲ့

စားပြီးအိပ်၊အိပ်ပြီးစားလုပ်နေတော့မှာလားညီလေး။

ညီလေးအတွက်ဘယ်လမ်းကြောင်းဟာသာယာပြီး၊ပြီးပြည့်စုံတဲ့ဘ၀ကို

ရောက်နိုင်ပါ့မလား။ညီလေးဘာတွေလုပ်နေသင့်သလဲဆိုတာကို

အစ်ကိုတယောက်အနေနဲ့တွေးကြည့်တယ်ခုလိုအပျက်ခေတ်ကြီးမှာကွာ........

စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်။


သူစိတ်ထဲကနေတွေးပြီးမေးနေလိုက်တာတော်တော်လည်းကြာရောသူဆင်းမဲ့

ကားဂိတ်ကနီးလာပြီ.....


အဲမှာဘာသွားပြီး...မြင်မိလဲဆိုတော့…လူတွေအားလုံးနီးပါးလောက်ဟာခေါင်းလေးတွေ

ငုံ့ ပြီးကျပ်ကျပ်တည်းတည်းချွေးသံရွှဲရွှဲကြီးနဲ့ ....စီးနေကြရတယ်အဆင်မပြေလိုက်တဲ့

အနေအထားပဲအတွေးထဲမှာပေါ်လာတာက ငါတို့ တွေ …..


ခေါင်းငုံ့ ပြီးနေနေရတဲ့Positionနဲ့ ပဲတော်ပြီလားအဲလိုပဲနောင်လာနောက်သားတွေရော

ဒီလိုပဲဘ၀ခရီးနှင်ကြရမှာလား။


ငါတို့ခေတ်ကအဲလိုခေါင်းငုံ့ ပြီးကိုယ်လိုရာရောက်ဖို့ကျိတ်မှိတ်ပြီးမြင်သမျှကိုယ်နဲ့

မဆိုင်သလိုနေတတ်ရ၊နေကြရကြောင်းပြောပြကြမှာလား။


အဲလိုခေါင်းငုံ့ချည်းပဲမနေပဲအနေအထားကောင်းကောင်းနဲ့ကိုယ်လိုရာရောက်ဖို့

တမျိုးပြောင်းပြီးမကြိုးစားကြတော့ဘူးလား။


ကိုယ်လိုရာခရီးသွားနေစဉ်မှာပဲငတ်ပြတ်တောင်းစားလုယှက်ခိုးဝှက်စတဲ့

မကောင်းမှုတွေကိုကိုယ့်ပတ်ဝန်းကျင်းမှာနောက်ရာစုသစ်တွေထိတွေ့နေတာကို

လည်းခေါင်းငုပ်နေပြီး၊ကိုယ်အဲလိုဘ၀မရောက်ရင်ပြီးသာပဲလို့ဆိုပြီးညီလေးတို့လို့ 

တစ်လပုံမှန်ထမင်းစားဖို့ သာသာလောက်တဲ့လခလေးနဲ့လုပ်ကိုင်စားသောက်ရင်း

ခေါင်းငုံ့ခံနေကြတော့မှာလား။အဲဒီအတိုင်းခရီးဆက်သွားကြအုံးမှာလား။


ဒါဆိုကားအမိုးတွေကဒီထက်ပိုပြီးနိမ့်လာခဲ့ရင်ထပ်ငုံ့ပေးကြအုံးမှာလား။


စပယ်ယာပိုဆိုးလာပြီးကိုယ့်ရပိုင်ခွင့်ဖြစ်တဲ့ မေ့ချင်ဆောင်ထားတဲ့ပြန်အမ်းငွေတွေအပေါ်

ပေါ်တင်ပဲမပေးဘူးတိုင်ချင်ရာတိုင်လို့ဆိုလာရင်ရော။မရှိမဲ့ရှိမဲ့လခလေးထဲက

ပဲ့ပါနေတာကိုသိလိုက်ပါ့မလား။


ဒီအတိုင်းသာဆက်နေကြမယ်ဆိုရင်တော့နောက်လာမယ့်ဆယ်ရာစုနှစ်၂ခုများဟာ

ပုံသွင်းပြီးသားခေါင်းငုံ့ခံလူတန်းစားတစ်ရပ်ဟာသိသိသာသာကြီးကို

ဖောင်းပွလာတော့မှာသေချာပါပဲ။


ဘတ်စ်ကားကျပ်တည်းခြင်း၊သွားလိုရာခရီးကိုမသက်သာလည်းအောင့်အီးပြီး

သူတို့မျက်နှာကြည့်ကာခေါင်းငုံ့နေနေပါ့မယ်ဆိုတဲ့ဘ၀ထဲကခရီးသည်များအမြန်ဆုံး

ကိုယ်ဘယ်ဘ၀မျိုးမှာအသက်ရှုကျပ်ကျပ်နဲ့သွားနေလာနေရတယ်ဆိုတာမြင်မိလာပြီး

သူတို့ရဲ့ကိုယ့်ပိုင်အခွင့်ရေးရပိုင်ခွင့်တွေနဲ့ဘ၀ခရီးသက်သာရာအမြန်ရကြပါစေလို့…

သူဆုတောင်းနေမိရင်းလက်ထဲကချိုင့်လေးကိုတရမ်းရမ်းနဲ့အိမ်ပြန်လာခဲ့တော့တယ်။


စာရိတ္တပျက်ပြားနေသောအစိုးရ၀န်ထမ်းများ၊ငတ်ပြတ်တောင်းရမ်းနေသူများနဲ့

တစ်လစာလခ လေးနဲ့ပညာရေး၊ပျော်ရွှင်ဖွယ်လူငယ်ဘ၀လေးတွေကိုမြုပ်နှံထားရတဲ့

ညီလေးအများစုတို့…. သူနဲ့အတူ…လမ်းချိုင့်တွေအဖုတွေ…အပေါက်တွေနဲ့ဆိုးဝါးလှတဲ့

ရန်ကုန်မြို့လမ်းမကြီးပေါ်မှာ အမြန်ဆုံးလွတ်လပ်ချောင်လည်သောအနေထားနဲ့ 

ခရီးသွားနိုင်ကျပါစေ။


ဆုတောင်းလျှက်

ခြေရာ

Wednesday, August 27, 2008

မထင်တဲ့ခြေရာ

မထင်တဲ့ခြေရာ

လျှောက်လာခဲ့တယ်
ဧရာဝတီမြစ်နဒီရဲ့ကမ်းပေါ်က သစ်ပင်တန်းကိုဖြတ်သန်းတိုးဝင်လာ
တဲ့လေပြေထဲမှာ
တမာနံ့ တွေသင်းပျံ့ ပါလာတာကိုသတိထားမိပါတယ်။
သူပြောတာကိုလဲအမှတ်ရလာပါတယ်၊သူက ကဗျာပညာရှင်ဆိုတော့ ပြောပုံက...


"လျှောက်လာခဲ့တယ်
ကိုယ်ရောစိတ်ရောနွမ်းနွမ်းကြေကြေနဲ့ 
အကျွမ်းမ၀င်တဲ့ ညနေရီမှာ
နေရောင်ကလဲ စိမ်းနေသလားလို့ထင်ရတယ်
ရှေ့ ကိုလှမ်းကြည့်တော့
ဖြူရော်ရော်လမ်းကလေး
ဘယ်ကွေ့ရာကညာကိုကောက်နဲ့
သြော်...ဘယ်ကိုများရောက်ပါလိမ့်၊ရောက်မှာပါလိမ့်
လို့ တွေးရင်းတွေးရင်းနဲ့
မရေမရာဇဝေဇ၀ါနဲ့သွားရမည့်ခရီးနဲ
မသေချာတဲ့ ဝေဒနာကိုရင်မှာခံစားလာရတယ်" ....တဲ့

အဲဒီတုန်းကလဲသူကိုပြောဖူးပါတယ်၊
ဘယ်ရောက်လဲသိအောင် ဆက်လျှောက်...လို့
ဆက်လျှောက်ကြည့်လိုက်ပါလား...လို့


ဧရာဝတီသောင်စပ်ကိုဆင်းလျှောက်လာခဲ့တယ်.......
ကိုယ့်ကိုအမြဲလိုလိုစီးလိုက်နေတယ်လို့ထင်ရတဲ့ဖိနပ်ကို ချွတ်ကိုင်ရင်းလှိုင်းတွေပြန်လှည့်ဆင်းသွားတဲ့ သဲသောင်စပ်အတိုင်းလျှောက်တယ်။

နင်းလျှောက်မိတဲ့ သဲကလေးတွေက နူးညံ့ပါတယ်၊ညက်ညောပါတယ်။
ပြန်တက်လာတဲ့လှိုင်းကလေးတွေနဲ့ ခြေအချနဲ့ ထိတွေ့ တော့လဲ အေးမြပါတယ်။

လှိုင်းကလေးတွေလာပြီးခတ်ပေမယ့်သဲသောင်ယံကဘာမှဖြစ်ပုံမပေါ်ပါဘူး။လှိုင်းကလေးတွေ
လာခတ်တာကသိမ်မွေ့ နေလို့ဖြစ်ပါလိမ့်မယ်။

'ဒါပေမဲ့...သိတယ်ဟုတ်၊ဘ၀ခရီးတစ်နေရာရာမှာရင်ထဲမှာသမုဒယလှိုင်းကလေးတွေ ထိခတ်လာပြီဆိုရင်အဲဒီသမုဒယလှိုင်းကလေးတွေကနုနုလှလှ၊ ယုယုယယရှိတယ်လို့ထင်ရပေမယ့်...ဘ၀တစ်ခုလုံးပြိုဆင်းကြေမွသွားနိုင်တယ်'
ဆိုတဲ့သူ့ စကားကိုအမှတ်ရပြန်ပါတယ်။သူ့ ကိုခတ်တဲ့လှိုင်းကသမုဒယလှိုင်း- - - -
တခြားသူတွေကိုခတ်တဲ့လှိုင်းကတော့အလိုလောဘလှိုင်းတွေ၊ဒေါသလှိုင်းတွေနဲ့အမျိုးအမည်
ခြားနားတဲ့လှိုင်းတွေ--- အထိအခတ်ပြင်းတဲ့လှိုင်းမျိုးတွေဖြစ်မှာပေါ့၊ ဖြစ်ချင်ဖြစ်မှာပေါ့


လျှောက်ရင်းလျှောက်ရင်းနောက်ကိုအမှတ်မထင်လှည့်ကြည့်လိုက်မိတယ်...။
'ထိတ်'ခနဲဖြစ်သွားတယ်၊ရင်ထဲမှာလှိုင်းတွေတဖျတ်ဖျတ်ခတ်နေသလိုခံစားလိုက်ရတာတော့
အမှန်ပဲ...။'လျှောက်ခဲ့တဲ့ငါ့ခြေရာတွေတစ်ခုမှမရှိတော့ပါလား၊လျှောက်လာခဲ့တာအဝေးကြီး...
အဝေးကြီးလျှောက်လာခဲ့တာ'ဆိုတဲ့အတွေးနဲ့'လျှောက်ခဲ့တဲ့ငါ့ဘ၀ခရီးကအဝေးကြီး၊
ဒီဘ၀ခရီးရှည်ကြီးထဲမှာငါ့အတွက်အမှတ်ထင်ထင်မည်မည်ရရဆို့ဘာမှလဲမရှိပါလားဆိုတဲ့
အတွေးတွေပေါင်းဆုံလိုက်လို့အထိတ်တလန့်ဖြစ်သွားခဲ့တာ၊ရင်ထဲမှာ
လှိုင်းတွေတွေခတ်နေသလိုခံစားလိုက်ရတာ....ဟုတ်ပါတယ်၊
ပြန်လှည့်ပြီးတက်လာတဲ့ရေလှိုင်းတွေက..လျှောက်နင်းခဲ့တဲ့ ကိုယ့်ခြေရာတွေကိုပျောက်ပျောက်ကုန်အောင်ဖျက်ဖျက်သွားခဲ့ကြတာကိုး၊

ဒါပေမယ့်----

ခြေရာတွေပျက်သွား၊ပျောက်သွားပေမယ့်လျှောက်တဲ့အထိတော့ရောက်တာပဲ၊ လျှောက်ရင်တော့လျှောက်နိုင်သလောက်-ရောက်တာပါပဲ၊
ဖိနပ်ကအခုမှကိုယ့်ကိုတကယ်ခိုစီးပြီးပါလာတာကိုလည်းသတိထားမိတယ်။

ဒီတခါတော့ကိုယ့်ကိုပြန်ပြီးပြောရတယ်၊ခြေရာမထင်ခဲ့တာတွေကိုပြန်ကြည့်ပြီး လွမ်းမောရင်းရပ်မနေနဲ့၊တွေဝေမနေနဲ့၊လျှောက်ရမည့်နေရာဆီကို"လျှောက်-----ဆက်လျှောက်လို့"။

ရှေ့ကိုလှမ်းကြည့်လိုက်တော့စွေစောင်းနေတဲ့နေခြည်မှာရွှေရည်ဝင်းနေတဲ့မြသလွန်စေတီကို
မြစ်ကမ်းပေါ်မှာ နှစ်လိုဖွယ်ရာဖူးတွေ့  နေရတာကိုအမှတ်ရပါတယ်။

(နန္ဒာသိန်းဇံ)

Friday, August 22, 2008

ဖေဖေနဲ့ကျနော်

ဖေဖေနဲ့ကျနော်

လက်။လက်ကလေးကိုဆုပ်ကိုင်ပေးထားတဲ့လက်
မြက်ခင်းနုနုလေးတွေပေါ်က ကျနော်နဲ့သူ
ခြောက်သွေ့ ရင့်ရော်နေတဲ့ ပင်အိုကြီးအောက်က ကျနော်နဲ့သူ
လမ်းမရှည်တွေပေါ်က ခြေရာကြီးနဲ့ ခြေရာလေး

လက်။လက်ကလေးကိုဆုပ်ကိုင်ပေးထားတဲ့လက်
တစ်ခုနဲ့တစ်ခု ညင်ညင်သာသာလေး ဆုပ်ကိုင်ထားတဲ့လက်
အခုတော့.....
အတူမရှိတော့တဲ့ ကျနော်နဲ့သူ
အရင်ကဆို
ကိုယ့်ခြေရာ၊ကိုယ့်လက်ဟန်နဲ့
လွှတ်ထားပြီး
တစ်ယောက်တည်းလျှောက်စေခဲ့တယ်။

လက်။လက်ကလေးကိုဆုပ်ကိုင်ပေးထားတဲ့လက်
ခြေရာတွေထဲကခြေရာလေးတစ်ခု
အဝေးတစ်နိုင်ငံက ခြေရာငယ်
အရင်လို လမ်းမရှည်တွေပေါ် မလျှောက်နိုင်တော့
အခုတော့ တစ်ယောက်တည်းလျှောက်နေပြီ
တမ်းတနေတယ်
အရင်က ဆုပ်ကိုင်ပေးထားတဲ့
ဘ၀ပဲ့ကိုင်ရှင် ရဲ့ လက်

(bbk 22aug)

Tuesday, August 19, 2008

အနန္တ မေမေ

အနန္တ မေမေ

အမြင့်ပျံတောင်ပံများဖြန့်ကာ
ဝေဟင်ကကြည့်ချင်ဇောနဲ့ 
ကောင်းကင်မှာဝဲပျံမယ်ဆိုပြီး
အမေရင်ထဲကထွက်ခဲ့ပြီးမှ
ကျရှုံးမှုတွေ၊လှောင်ရယ်သံတွေကြားမှာ
ရှာတွေလိုက်ရတာက...
အမေရဲ့အမြဲခွင့်လွှတ်ကြိုဆိုနေတဲ့အပြုံး။

အဆင်ပြေချမ်းမြေ့မှုတွေကြားမှာ
အခက်ခဲတွေနေရာယူခဲ့
ပူပြင်းတဲ့နေရောင်အောက်မှာ
လိုချင်တဲ့စကားလုံးရဖို့ 
ကိုယ့်ကိုအကွက်ဖြည့်ချင်နေတဲ့
Puzzle ကစားသမားများမှလွဲ၍
အနားမှာနေမယ့်သူမရှိ
အဆင်မပြေမှုပုံအောလည်း
ကျွန်တော့်ကိုအဝေးက
အားပေးနေတဲ့အမေ။

ဘ၀ရဲ့တိမ်ညိုတွေကို
ဖယ်ရှားပေးတဲ့
အမေ့ရဲ့အတွေးအခေါ်။

နှလုံးသားဆီနွေးထွေးမှုတွေ
ဆောင်ယူလာပြီး
ဘ၀ကိုဘောင်လှလှလေးခတ်ပေးခဲ့တဲ့
အမေရဲ့စကားသံ။

ထိုထိုတန်ဖိုးမဖြတ်နိုင်တဲ့အမေ့ရဲ့ပေးစပ်မှုတွေအတွက်
မေမေရဲ့ကျေးဇူးတွေကို
အရိမေတ္တယျဘုရားမပွင့်မှီဘ၀ဆက်တိုင်း
အမြင့်မြတ်ဆုံးပန်းတိုင် နိဗ္ဗာန်လမ်းကို
ချောမွေ့ စွာလျှောက်လမ်းနိုင်ရေး
သားရဲ့နှလုံး၊သွေး၊ခန္ဓာဖြင့်
မမောမပန်း
ခင်းကျင်းစတေးဆောက်တည်သွားမည်။
ကျေးဇူးများရှင် အင်ပါယာထဲက
အနန္တ မေမေ။

Bbk(19 aug 08)

Tuesday, August 5, 2008

ကြိုးဖြုတ်ခဲ့ရဲ့လား

လုပ်ပေမယ့်..ကြိုးစားပေမယ့်မအောင်မြင်တာဟာ အသိအမြင်အဆင်အခြင်တရားလိုနေလို့လဲဖြစ်နိုင်ကောင်းပါတယ်။DrArthurP.Pereiraက........
တစ်ခါတုန်းကသဘောင်္သားတစ်သိုက်ဟာသဘောင်္ရပ်နားခိုက်အရက်သောက်ကြမယ်လို့
့တိုင်ပင်ကာလှေကလေးတစ်စင်းနဲ့ကျွန်းတကျွန်းပေါ်ရောက်လာကြတယ်...
တပျော်တပါးသောက်ကြတယ်...ပြန်ဖို့အချိန်လည်းရောက်ရော..
လှေပေါ်ကိုတက်၊သဘောင်္ကြီးဆီသို့အပြင်းလှော်ကြတယ်။ဒါပေမယ့်...
သဘောင်္ကြီးဆီကိုမရောက်ဘူးဖြစ်နေတယ်။
နေအရုဏ်တောင်တက်လာပြီ။ဒီအချိန်မှာအမူးကလဲပြေလာပြီ။
ဒါနဲ့ဘယ်လိုများဖြစ်တာပါလိမ့်လို့ကြည့်လိုက်တော့...လှေကိုချည်ထားတဲ့သစ်ငုတ်ကကြိုးကို
မဖြုတ်မိဘူးကိုး။ဘယ်လောက်လှော်လှော်ဘယ်ကိုမှရောက်မှာမဟုတ်ဘူး။

သင်ကော...လှေကြိုးဖြုတ်ခဲ့ရဲ့လား။။။။

နန္ဒာသိန်းဇံ(ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း) မှကောက်နုတ်တင်ပြသည်။.

Thursday, June 19, 2008

၆၃ နှစ်မြောက် ပါ အမေစု


Thursday, 28 June 2007